ပဲခူးတိုင်းအနောက်ဘက်ခြမ်း ကြို့ပင်ကောက်မြို့နယ်အရှေ့ပိုင်း ပဲခူးရိုးမအစပ်တွင် ၂၀၂၄ခုနှစ် ဧပြီလ ၁၁ ရက်နေ့ ည၇နာရီ ၃၀မိနစ်အချိန်က သစ်ခိုးထုတ်နေသည့် သစ်ကုန်သည်နှစ်ဦး၏ သုံးဘီးဆိုင်ကယ်နှင့် သစ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မီးရှို့ရှင်းလင်းခဲ့ကြောင်း BTZM GBK PDFက ထုတ်ပြန်သည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ကင်းလှည့်နေချိန် ကျွန်းသစ်များတင်ဆောင်လာသော သုံးဘီးဆိုင်ကယ်အား တားစီးစစ်ဆေးရာတွင်
ရိုးမထဲမှ ခိုးထုတ်လာသော သစ်များဖြစ်သည်ကို သိရပြီး သစ်ကုန်သည်တို့၏ သုံးဘီးဆိုင်ကယ်နှင့် သစ်များကို မီးရှို့အရေးယူခဲ့ပြီး ဖုန်းနှစ်လုံး သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။
ဖမ်းဆီးရရှိသော သစ်ကုန်သည်နှစ်ဦးသည် ဘော်ဘင်ရွာမှ ဦးပေါက်စလေးနှင့် ဘုတလက်ကုန်းမှ ဦးကျော်စိုးလင်းတို့ဖြစ်ပြီး ဇီးကုန်းမြို့နယ် ဘော်ဘင်ကျေးရွာတွင် အထိုင်ချတပ်ဆွဲထားသော စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့များအား လိုင်းကြေးပေး၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီနှင့်ပျူစောထီးတို့ကို လိုင်းကြေးအဖြစ် သုံးဘီးဆိုင်ကယ်တစ်စီးလျှင် ငါးသောင်းကျပ် ၊ ကားကြီးတစ်စီးလျှင် နှစ်သိန်းကျပ်၊ ဘေးတွဲဆိုင်ကယ်တစ်စီးလျှင် သုံးသောင်းကျပ်နှင့် ဝက်သား၊ ကြက်သားနှင့် အရက်ဘီယာများကိုလည်း ဝယ်ယူပို့ဆောင်ပေးရသည်ဟု ဖမ်းဆီးရမိသည့် သစ်ကုန်သည်မျာအား စစ်ဆေးချက်အရ သိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ နောက်နောင်ပြည်သူပိုင် ကျွန်းသစ်များအား ခိုးထုတ်ခြင်း ဆက်လက်မပြုလုပ်ရန်သတိပေးပြီး ကောင်းမွန်စွာ ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။
#TachileikNewsAgency