ငလျင်ကြောင့် ရှေးဟောင်းဘုရားများနှင့် အဆောက်အဦးများ ပြိုကျပျက်စီး

ငလျင်ကြောင့် ရှေးဟောင်းဘုရားများနှင့် အဆောက်အဦးများ ပြိုကျပျက်စီး

ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် (၇.၇) အင်အားအဆင့်ရှိ ငလျင်ကြောင့် သမိုင်းဝင်ဘုရားတချို့ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါနေရာများမှာ မန္တလေးမြို့ရှိ ရွှေစာရံဘုရား၊ မဟာမြတ်မုနိဘုရား၊ နန်းမတော်မယ်နုအုတ်ကျောင်း၊ နန်းမြို့ ရိုး၊ အမရပူရမြို့နယ်မှ ပုထိုးတော်ကြီးဘုရား၊ ရှမ်းတောင်မှ အင်းလေးဖောင်တော်ဦးဘုရား၊ တောင်ငူမြို့မှ  ရှေးဟောင်း ပြည်ကျောင်းတိုက်ကြီး၊ စစ်ကိုင်းမြို့ မင်းကွန်းကျောင်းတိုက်တို့မှာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရသည်ဟု ကနဦး သိရှိထားရသည်။

ရှေးဟောင်းအမွေအနှစ်များရှိရာ ပုဂံယဉ်ကျေးမှုဒေသမှ ဘုရား၊ စေတီ၊ ပုထိုးများမှာ ထိခိုက်မှု အနည်းငယ်သာရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: Internet