နေပြည်တော် တပ်ကုန်းမြို့တွင်းနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများ ရေမြုပ်နေ

နေပြည်တော် တပ်ကုန်းမြို့တွင်းနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများ ရေမြုပ်နေ

နေပြည်တော် တပ်ကုန်းမြို့တွင်းနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများတွင် မိုးသည်းထန်စွာရွာပြီး တောင်ကျချောင်းရေနှင့် ဆည်ရေတို့ကြောင့် ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့တွင် ရေနစ်မြုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

မုံချောင်းဆည်နှင့် တောင်ကျချောင်းရေများကြောင့် နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ မန်ကျည်းပင်၊ လက်ပံပု၊ ပိန်းတော၊ သရက်ကုန်း၊ ရှောက်ကုန်း၊ ညောင်ကုန်း၊ ညောင်လွန့်ရွာများနှင့် တပ်ကုန်းမြို့ တွင်းရှိ အနော်ရထာရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်၊ ရွေမာန်းတော်ရပ်ကွက်၊ ဆေးရုံနှင့် ဘိုးဘွားရိပ်သာများ ရေနစ်မြုပ်နေကြောင်း သိရသည်။ 

လက်ရှိတွင် နေအိမ်များအတွင်း ပိတ်မိနေသူများကို ကယ်ဆယ်ရေးအဖွဲ့များက ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် ကယ်ဆယ်‌ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသည်ဟု သိရသည်။

#TachileikNewsAgency

Photo: CJ