ရေလည်ကျွန်းဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၂)ဦး သေဆုံးကာ ခဲယမ်းများကို PDF များက သိမ်းဆည်းရရှိ

Photo: MGN 35 ပြောက်ကျားတပ်ဖွဲ့
Photo: MGN 35 ပြောက်ကျားတပ်ဖွဲ့
ရေလည်ကျွန်းဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၂)ဦး သေဆုံးကာ ခဲယမ်းများကို PDF များက သိမ်းဆည်းရရှိ

 မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းဒေသသို့ စစ်ကြောင်း (၃)ကြောင်းဖြင့် ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ယနေ့ ဧပြီလ(၃)ရက်နေ့ နံနက်ပိုင်းက မိုင်းဆွဲတိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၂)ဦးသေပြီး စစ်သုံးပစ္စည်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း MGN 35 ပြောက်ကျားတပ်ဖွဲ့ က သတင်းထုတ်ပြန်လာသည်။

စစ်ကြောင်း (၃)ကြောင်းဖြင့် ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်ကောင်စီ၏ ရေလည်ကျွန်းမြောက်ဘက်စစ်ကြောင်းအား မိုင်းကွင်းဆီမျှားခေါ်ကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအပြီး ယင်းနေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ အီနာဂါဗုံးသီး(၂)လုံး၊ MAဘောက်(၃)ခု၊ ကပစ ၂၀၂၁ ထုတ် ၅.၅၆ ကျည် (၅၂)တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်(၅)တပ်ရင်းမှ MGN 35 ပြောက်ကျားတပ်ဖွဲ့၊ The Value of Young Men၊ Myaung Fighter Defence Force၊ PDF Taloke၊ Chaung U Local Defence Force နှင့် ဒေသခံတော် လှန်ရေးတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။