လပွတ္တာမြို့၏ နံနက်(၉)နာရီမြင်ကွင်းနှင့် မုန်တိုင်းအခြေအနေ

လပွတ္တာမြို့၏ နံနက်(၉)နာရီမြင်ကွင်းနှင့် မုန်တိုင်းအခြေအနေ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်း ယနေ့ ၂၀၂၂ခုနှစ် မတ်လ(၂၂)ရက်နေ့ နံနက်(၉)နာရီအချိန်၏ ရာသီဥတုအခြေအနေမှာ မိုးရွာပြီး လေအနည်းငယ်တိုက်နေကြောင်း  လပွတ္တာမြို့နယ် နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၏ အသိပေးထားချက်အရ သိရသည်။

အားကောင်းသောမုန်တိုင်းငယ်အခြေအနေ၏ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း အနီရောင်အဆင့်အဖြစ် သတ်မှတ်လိုက်ကြောင်း ယနေ့ ၂၀၂၂ခုနှစ်၊ မတ်လ(၂၂)ရက်နေ့ မြန်မာစံတော်ချိန် နံနက်(၅)နာရီအချိန်က သတင်းထုတ်ပြန်ထားသည်။

မုန်တိုင်းနှင့် ပတ်သက်ပြီး"အာစနီမုန်တိုင်း အားပျော့ပျက်သွားပြီဆိုတဲ့ သတင်းသည် မှန်ကန်မှုမရှိပါဘူး။ ယနေ့ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ် ၊ မကွေးတိုင်း၊ နေပြည်တော် ၊ ကယားပြည်နယ် ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတို့တွင် အာစနီမုန်တိုင်းမိုးတွေများစွာ ရွာသွန်းနိုင်ပါတယ်"ဟုလည်း မိုးလေဝသပညာရှင် ဒေါ်စုစုစံ(မင်းဂွတ်သီး)က ယနေ့ နံနက်(၈)နာရီ မိနစ်(၂၀)အချိန်က အသိပေးထားသည်ကိုလည်း တွေ့ရသည်။

ပုံအညွှန်း - လပွတ္တာမြို့နယ်အတွင်း ယနေ့ နံနက်(၉)နာရီ အခြေအနေ

#TachileikNewsAgency

Photo: Heart Laputta