ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်(၃)ရပ်ကွက်ရှိ ဗကသကျောင်း သားများရှိသည့်နေအိမ်ကို ဖေဖော်ဝါရီလ(၂၅)ရက်၊ ညနေပိုင်းက ဝင်ရောက်စီးနင်းပြီး ပစ်သတ်လိုက်သည့် ဗကသများအဖွဲ့ချုပ်ဥက္ကဌ(ဟောင်း) ကိုဖုန်းဝေယံကျော်(ခ)ကိုညီမင်းသူ၏ အလောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖျောက်ဖျက်လိုက်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ယနေ့ဖေဖော်ဝါရီလ(၂၇)ရက်တွင် သတင်းထုတ်ပြန်လာသည်။
အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ရာ ဗကသရဲဘော် (၈)ဦး ဖမ်းဆီးခံခဲ့ရပြီး အခြေခံ ပညာကျောင်းသားများသမဂ္ဂ- အကသ (ဗကသများအဖွဲ့ချုပ်)၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုဖုန်းဝေယံကျော် (ခ) ကိုညီမင်းသူသည် ရင်ညွန့်အား ကျည်ဆန်ထိမှန်ကာ နေရာတွင်ပင် ကျဆုံးခဲ့ရခြင်းဖြစ်သည်။
အခြားရဲဘော်များမှာလည်း စစ်ဖိနပ်ဖြင့် ကန်ကျောက်နှိပ်စက်ခံရသောကြောင့် ဒဏ်ရာများရရှိခဲ့ကာ ပစ်ခတ်ဖမ်းဆီးခံရသည့် ဗကသရဲဘော်အားလုံးသည် အသက်(၁၈)နှစ်ပင် မပြည့်သေးသော အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းများမှ ကျောင်း သား၊ သူများဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် ဖမ်းဆီးခံရစဉ်တွင် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ဟု စစ်ကောင်စီ၏ လက်ကိုင်တုတ်များက ဝါဒဖြန့်နေသည်မှာ ာအချက်အလက် မှားယွင်းနေပြီး လက်နက်မဲ့ကျောင်းသားများအား တဖက်သတ်အကြမ်းဖက်ကာ ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။