ရေဖြူမြို့နယ်အတွင်း တပ်မိသားစု ကျောင်းသားများအား ကျောင်းပို့ပြီး ပြန်လာသည့် စစ်ကား(၁)စီးကို ဒေသကာကွယ်ရေးအဖွဲ့ (၂)ဖွဲ့ပေါင်းပြီး မိုင်းဆွဲ တိုက်ခိုက်

ပုံအညွှန်း - အခြားဒေသမှ စစ်ကောင်စီတပ်၏ စစ်ကား ပုံဖြစ်သည်။

ဖေဖော်ဝါရီ 21, 2022 | အခြားဒေသများ

တနင်္သာရီတိုင်း၊ ရေဖြူမြို့၏ အနောက်ဘက်ကမ်းတွင် ကျောက်ကညာရှိ တပ်ရင်းမှ စစ်တပ်မိသားစု ကျောင်းသားများအား ကျောင်းပို့ ပြီးပြန်လာသည့် စစ်ကောင်စီယာဥ်ကို ယနေ့ဖေဖော်ဝါရီလ(၂၁) ရက်နေ့ နံနက်ပိုင်းက ဒေသကာကွယ်ရေးအဖွဲ့ (၂)ဖွဲ့ပေါင်းပြီး မိုင်းဆွဲတိုက်လိုက်ကြောင်း Launglone People Defence Force ( LPDF )က သတင်းထုတ်ပြန်လာသည်။

ကျောင်းပို့ပြီး ပြန်လာသည့် စစ်ကောင်စီတပ်သား (၆)ဦး ပါလာသော စစ်ကားအား Launglone People Defence Force ( LPDF ) နှင့် Dawei Guerrilla Revolutionary Force ( DGRF ) တို ပူးပေါင်းပြီး ရေဖြူတံတားအနီးဝန်းကျင်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့လိုက်ခြင်း ဖြစ်သည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့်အတွက် ယာဉ်ပေါ်ပါ စစ်ကောင်စီတပ်သားများသည် ရမ်းသမ်းပစ်ခတ်ကြကြောင်း သိရသည်။

ထိုအပြင် (၂)နာရီကြာပြီး‌နောက် စစ်ကောင်စီတပ်သား အင်အားပြည့်ပါသည့် ကား(၃)စီးရောက်ရှိလာပြီး ရေဖြူတံတားထိပ်၌ ကားရပ်နားဂိတ်ချစစ်ဆေးမှုများပြုလုပ်ရန် စီစဥ်နေစဥ် နောက်ထပ် မိုင်းဆွဲတိုက်ခိုက်လိုက်ကြောင်းလည်း သိရသည်။