ယင်းမာပင်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်ရာ လက်နက် ၃လက် သိမ်းဆည်းရရှိ  

ယင်းမာပင်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်ရာ လက်နက် ၃လက် သိမ်းဆည်းရရှိ  

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို ဒေသကာကွယ်ရေးတပ်များက ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၃)ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များထံမှ လက်နက်(၃)လက် သိမ်းဆည်းရရှိခဲ့သည်ဟု ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦးထံမှ သိရသည်။

ယင်းမာပင်မြို့နယ် သီတဂူဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားသည့် ရဲတပ်ဖွဲ့ဝင်(၅)ဦးသည် ယနေ့ နံနက်(၆)နာရီတွင် စစ်ကောင်စီတပ်စခန်းကုန်းသို့သွားရာ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်း၌ ဒေသကာကွယ်ရေးတပ်ဖွဲ့က စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုသည် (၇)မိနစ်သာ ကြာမြင့်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်(၂)ဦးသေဆုံးကာ ဒဏ်ရာရသူများလည်းရှိခဲ့ပြီး G-3 (၂)လက်၊ အူဇီတစ်လက်နှင့် ကျည်များကို ဒေသကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တိုက်ခိုက်မှုကို ULF(ကော်မတီဝင်) ချိုမိုင်မိုင်တော်လှန်ရေးတပ်ပေါင်းစု(ယင်းမာပင်မြို့နယ်)မှ ရဲဘော် (၇)ဦးက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency