ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)အုပ်ချုပ်သည့် ခရိုင်(၅)ခုအတွင် ၂၀၂၄ခုနှစ်၏ တစ်နှစ်တာကာလအတွင်း တရားဥပဒေ စိုးမိုးမှုကို အစဉ်တစိုက် လုပ်ဆောင်လာရာ ပြစ်မှုပေါင်း (၁၂၄၂)မှုကို ဖော်ထုတ် ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း PSLF/TNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)အုပ်ချုပ်သည့် ခရိုင်(၅)မှာ နမ့်ဆန်ခရိုင်၊ ရွှေလီခရိုင်၊ မာန်အောင်ခရိုင်၊ သံလွင်ခရိုင် နှင့် လားရှိုးခရိုင်တို့ ဖြစ်ပြီး ဖော်ထုတ်အရေးယူနိုင်ခဲ့သည့် ပြစ်မှုများမှာ နမ့်ဆန်ခရိုင်တွင် (၈၃၁)မှု၊ ရွှေလီခရိုင် (၂၂၆)မှု၊ မာန်အောင်ခရိုင် (၁၁၈)မှု၊ သံလွင်ခရိုင် (၅၃)မှုနှင့် လားရှိုးခရိုင် (၁၄)မှုတို့ ဖြစ်ကြောင်း သိရသည်။
အမှုပေါင်း (၁၂၄၂)မှုအနက် (၃၃)မှုကို တရားစီရင်ရေးဌာနက ဆုံးဖြတ် အပြစ်ဒဏ်ချမှတ်ခဲ့သလို အမှုပေါင်း (၈၁၈)မှုကိုလည်း တရားဥပဒေစိုးမိုးရေးရဲတပ်ဖွဲ့က ဆုံးဖြတ်အပြစ်ပေး အရေးယူခဲ့ကြောင်းလည်း သိရသည်။
ဖော်ထုတ်အရေးယူခဲ့သည့် အမှုများမှာ လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ ပစ္စည်းခိုးယူမှု၊ အပြင်းထန်နာကျင်စေမှုနှင့် အခြားသော အမှုများဖြစ်ပြီး မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူ (၁၉၂၃)ဦးကို ဖမ်းဆီး အရေးယူခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းအနက် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ စုစုပေါင်း (၁၉၂၃)မှုဦးအား ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။