ပြည်သူများ ဘေးကင်းရေး ယင်းမာပင်မြို့နယ်အတွင်း ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန် ဆရာစံ PDF က အရေးပေါ် သတိပေး

13.2.2022
13.2.2022
ပြည်သူများ ဘေးကင်းရေး ယင်းမာပင်မြို့နယ်အတွင်း ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန် ဆရာစံ PDF က အရေးပေါ် သတိပေး
ဖေဖော်ဝါရီ 13, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း လမ်းသွား၊ လမ်းလာပြည်သူများကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီး ခြိမ်းခြောက်ပြီး လူသားဒိုင်းကာ အဖြစ် ပြုလုပ်နေဖြင့် ဖေဖော်ဝါရီလ(၁၄)ရက်မှ စတင်ကာ ယင်းမာပင်မြို့ကို ဖြတ်သန်း သွားလာခြင်းများ မပြုလုပ်ရန် ဆရာစံ PDF က အရေးပေါ်သတိပေးချက်အဖြစ် ယနေ့ ဖေဖော်ဝါရီလ(၁၃)ရက်နေ့ ညပိုင်းတွင် အသိပေးထားရှိသည်ကို တွေ့ရသည်။

ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်မည့် နေ့ကို ဆရာစံ PDF က ပြန်လည် အသိပေးသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားရှိသည်။

ပုထိုးသာ - လည်ငေါက် - ယင်းမာပင်လမ်းကြောကိုလည်း ဖေဖေါ်ဝါရီလ (၁၂)ရက်မှ (၁၃)ရက်နေ့အတွင်း အများပြည်သူအနေဖြင့် လုံးဝဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသကာကွယ်ရေးအဖွဲဖြစ်သည့် ဆရာစံ YMB-PDF က မေတ္တာရပ်ခံထားသေးသည်။

လက်ရှိတွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ်သည် ယင်းမာပင်မြို့နယ်တွင်း ကင်းပုန်းဝပ်ခြင်း၊ ကင်းလှည့်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများက Tachileik News Agency  သို့  ပြောသည်။

ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့တွင် ပြည်သူ့ကာကွယ်‌ရေးတပ်က ယင်းမာပင်မြို့တွင်း နှင့် အောင်ဇေယျကွက်သစ်မှ ပြည်သူများအနေဖြင့် မြို့တွင်း၌ မနေကြဘဲ နီးစပ်ရာ ဆွေမျိုး၊ အသိုင်းအဝိုင်းများထံ သွားရောက်ခိုလှုံကြရန် အထူးသတိပေးတိုက်တွန်းခဲ့ပြီးနောက် ညနေပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်က ရဟတ်ယာဉ်(၄)စီးဖြင့် တပ်အင်အားဖြည့်တင်းခဲ့ သေးသည်။