တောင်သာမြို့နယ် ဝဲလောင်ရဲစခန်းအား တော်လှန်ရေးအင်အားစုများမှ Fixed Wing ဒရုန်းများဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်

တောင်သာမြို့နယ် ဝဲလောင်ရဲစခန်းအား တော်လှန်ရေးအင်အားစုများမှ Fixed Wing ဒရုန်းများဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ် ဝဲလောင်ရဲစခန်းအား Fixed Wing ဒရုန်းများဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ကြောင်း မြင်းခြံခရိုင် အမှတ် (၈) တပ်ရင်း NRDF အဖွဲ့က ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၇) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တောင်သာမြို့နယ် ဝဲလောင်ရဲစခန်းအား သြဂုတ်လ (၂၅) ရက်နေ့ ညနေ (၃)နာရီဝန်းကျင်တွင် မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်း - NRDF၏ Drone တပ်ဖွဲ့မှ Shar Htoo WOW နည်းပညာသုံး Fixed Wing Drone များဖြင့် ဗုံးသီး (၁၀) လုံး ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိပြီး အသေအပျောက်ကို ဆက်လက်စုံစမ်းနေကြောင်း မြင်းခြံခရိုင် အမှတ် (၈) တပ်ရင်း NRDF အဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား တောင်သာမြို့နယ် ပကဖ နှင့် မဟာမိတ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency