နိုင်ငံအတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီဘက်က လက်နက်ကြီးများ အသုံးပြု ပစ်ခတ်သည့်အပြင် လေကြောင်း တိုက်ခိုက်မှုများကြောင့် ပြည်သူ(၄)သိန်းဝန်းကျင် ထွက်ပြေး တိမ်းရှောင်နေရ

နိုင်ငံအတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီဘက်က လက်နက်ကြီးများ အသုံးပြု ပစ်ခတ်သည့်အပြင် လေကြောင်း တိုက်ခိုက်မှုများကြောင့် ပြည်သူ(၄)သိန်းဝန်းကျင် ထွက်ပြေး တိမ်းရှောင်နေရ
ဇန်နဝါရီ 26, 2022 | အခြားဒေသများ

မြန်မာနိုင်ငံတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး လက်နက်ကြီးအသုံးပြုမှု၊ လေကြောင်းမှ တိုက်ခိုက်မှုများ‌ကြောင့် လူဦးရေ (၄)သိန်းဝန်းကျင် ထွက်ပြေး တိမ်းရှောင်နေရကြောင်း United Nations OCHA Myanmar က ယနေ့ ဇန်နဝါရီလ(၂၆) ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။ 

ဇန်နဝါရီလ (၁၇)ရက်နေ့က ရရှိသည့် ကိန်းဂဏန်းများအရ စစ်ကိုင်းတိုင်းတွင် လူဦးရေ(၁၁၃,၉၀၀)ဦး၊ ချင်းပြည်နယ်တွင် (၃၃,၈၀၀)ဦး၊ မကွေးတိုင်းတွင် (၂၀,၁၀၀)အပါအဝင် လူဦးရေ (၁၆၇,၈၀၀)ဝန်းကျင်မှာ အိုးအိမ်စွန့်ခွါခဲ့ရသည်ဟု ထုတ်ပြန်သည်။

ဒါ့အပြင်  ၂၀၂၁ ခုနှစ် မေလလယ်ကတည်းက စပြီး နေအိမ်အလုံးပေါင်း (၁,၈၄၀)လုံး၊ ခရစ်ယာန်ဘုရားကျောင်းများ အပါအဝင် အခြားအရပ်သားပိုင်ပစ္စည်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

ကယားပြည်နယ်တွင် (၉၁,၄၀၀)ဦး၊ ကရင်ပြည်နယ်တွင် (၇၄,၆၀၀)ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် (၄၂,၆၀၀)ဦး၊ မွန်ပြည်နယ်တွင် (၇,၁၀၀)ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် (၁,၆၀၀)နှင့် ပဲခူးတိုင်းဒေသကြီးတွင် လူဦးရေ(၆၀၀) အပါအဝင် လူဦးရေ (၂၁၇,၉၀၀)ဝန်းကျင်မှာ ထွက်ပြေးနေရကြောင်း သိရသည်။