လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၊ အထိနာပြီး ဗိုလ်မှူး အပါအဝင် (၅)ဦး သေဆုံး

Photo: Cobra Column တပ်ခွဲ - ၄
Photo: Cobra Column တပ်ခွဲ - ၄
လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၊ အထိနာပြီး ဗိုလ်မှူး အပါအဝင် (၅)ဦး သေဆုံး

 ကရင်ပြည်နယ်တွင် ပူးပေါင်းတပ်များ လုံခြုံရေးယူထားသည့်နေရာကို လက်နက်ကြီး အကြိမ် (၉၀)အထက် ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်ဘက်က  ဗိုလ်မှူးတစ်ဦး အပါအဝင် (၅)ဦး သေကြောင်း  Cobra Column တပ်ခွဲ - ၄ က ယနေ့ ဧပြီလ(၃၀)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

၂၀၂၃ခုနှစ်၊ ဧပြီလ(၂၉)ရက်နေ့က စစ်ကောင်စီသည် လက်နက်ကြီးဖြင့်အကြိမ်ရေ (၉၀)အထက်၊ Missile ဖြင့် (၈)ကြိမ် ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်ရန် ကြိုးစားခဲ့ရာ ပူးပေါင်းတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်း(၂၀၇)မှ ဗိုလ်မှုး(၁)ဦး အပါအဝင် (၅)ဦးသေဆုံးပြီး ကပစကျည် (၆၇)တောင့်၊ MA5 (၁)လက်၊ MA5 ကျည်ဘောက် (၁)ဘောက်၊ ၉ မမ ကျည် (၁၅) တောင့်၊ MA ကျည်ဘောက် (၄)ဘောက်၊ စကားပြောစက် (၂)လုံး၊ အီနာဂါ (၄)လုံး၊ RPG (၃)လုံး၊ RPG ပို့ယမ်း (၃)တောင့်၊ ဓား (၁) လက်၊ Jammer ကျောပိုးစက် (၁)လုံး စသည်တို့အား သိမ်း ဆည်းရရှိခဲ့ကြောင်း  သိရသည်။

ထို့နောက် အထိနာသွားသည့် စစ်ကောင်စီတပ်သည် YAK(130) တိုက်လေယာဉ်ဖြင့် ၂ ကြိမ် လာရောက်ပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းတပ်များဘက်က ထိခိုက်သူမရှိခဲ့ဟု သိရသည်။