ရွာသူ ရွာသားများထံက  အတင်းအဓမ္မ ကောက်ယူလာသည့် လျှပ်စစ်မီတာခများကို ဒေသကာကွယ်ရေးအဖွဲ့များက လမ်းခုလတ်တွင် ပြန်လည် သိမ်းယူ

ရွာသူ ရွာသားများထံက  အတင်းအဓမ္မ ကောက်ယူလာသည့် လျှပ်စစ်မီတာခများကို ဒေသကာကွယ်ရေးအဖွဲ့များက လမ်းခုလတ်တွင် ပြန်လည် သိမ်းယူ
ဇန်နဝါရီ 24, 2022 | အခြားဒေသများ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ရွှေတုတ်ကန်ကျေးရွာ၏ ရွာသူ ရွာသားများထံက  အတင်းအဓမ္မကောက်ယူလာသည့် လျှပ်စစ်မီတာခငွေကျပ် (၈)သိန်းကို ဒေသကာကွယ်ရေး အဖွဲ့များကပြန်လည် သိမ်းယူခဲ့ကြောင်း ယနေ့ဇန်နဝါရီလ(၂၄)ရက်တွင် ရေနံချောင်း PDF က ထုတ်ပြန်သည်။



ကျေးရွာအုပ်ချုပ်‌ရေးမှူး အပါအဝင် (၃)ဦးက ရွာသူ ရွာသားများထံက အတင်းအဓမ္မကောက်ယူလာသည့် ငွေကျပ်(၈)သိန်းကို မြို့နယ်လျှပ်စစ်မီတာရုံးသို့ သွားရောက်ပို့ဆောင်စဉ် လမ်းခုလတ်တစ်နေရာ၌ ရေနံချောင်း PDF  နှင့်  Rangers Of Tropical Land(ROTL)တို့ ပူးပေါင်းပြီး ပြန်လည်ရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အုပ်ချုပ်‌ရေးမှူးအပါအဝင် သွားရောက်ပို့ဆောင်သူ (၃)ဦးကို ပြင်းပြင်းထန်ထန် သတိပေး ဆုံးမခဲ့ပြီး  ငွေကျပ်(၈သိန်း)အား တော်လှန်ရေးကြီးအတွက် အသုံးချသွားမည်ဟု သတင်းထုတ်ပြန်ထားရှိသည်။