စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ယဥ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဥ် (၃)စီးဖြင့် ဇန်နဝါရီလ(၁၄)ရက်က လာရောက်ပစ်ခတ်ပြီး ကျေးရွာအတွင်း ပြည်သူပိုင် ပစ္စည်းများကို မီးရှို့ဖျက်ဆီးထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က ယဉ်ကျေးရွာမှ ထွက်ခွါသွားပြီး ၎င်းတို့ ပစ်ခတ်ခဲ့သော လက်နက်ကြီးများကို ဒေသခံများ တွေ့ရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ် မစိုးရိမ်ဘုန်းကြီးကျောင်းအတွင်း သေနတ်များဖြင့် ပစ်ခတ် ဝင်ရောက်ကာ တပ်ဆွဲထားကြောင်း သိရသည်။
ကျေးရွာအတွင်း ဝင်ရောက်ပြီး ဆိုင်ကယ်များကိုလည်း PDF များ၏ ဆိုင်ကယ်ဟု သတ်မှတ်ကာ ဆိုင်ကယ် (၁၀)စီးကျော်ကိုလည်း မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။
ဇန်နဝါရီလ(၁၄)ရက်က ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ ယဥ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အပြင် ရဟတ်ယာဉ်ဖြင့်ပါ လာရောက်ပစ်ခတ်ခဲ့သဖြင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။