KNU/KNLA က ကော့ကရိတ်မြို့နယ်အတွင်း နယ်မြေရှင်းလင်းမှု ပြုလုပ်ရာ  အာဏာသိမ်းစစ်တပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိ

KNU/KNLA က ကော့ကရိတ်မြို့နယ်အတွင်း နယ်မြေရှင်းလင်းမှု ပြုလုပ်ရာ  အာဏာသိမ်းစစ်တပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိ
ဇန်နဝါရီ 1, 2022 | အခြားဒေသများ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများကို KNU/ KNLA က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် နယ်မြေရှင်းလင်းရာ အာဏာသိမ်းစစ်တပ်ဘက်မှ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း သိရသည်။

အာဏာသိမ်းစစ်ဘက်မှ  RPG (၃) လုံး၊ M 40 (၅) လုံး၊ ၆၀ မမ (၇) လုံး၊ လက်နက်ငယ်ကျည် နှစ်ထောင်ကျော်အပြင် တပ်မ (၁၁)၏ ယူနီဖောင်းများနှင့် အာဏာသိမ်းစစ်တပ်၏ နာမည်ကျော် ခြင်းကြားများကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။



 

လက်ရှိတွင် အာဏာသိမ်းစစ်တပ်သည် ကော့ကရိတ်မြို့နယ်အတွင်း  အံကလော်ကျေးရွာ၏ အရှေ့ဘက်တောင်ခြေရှိ မြိုင်ကလေးနှင့် မြနွယ်ဘုရားကြားရှိ တောင်ကုန်းတွင် ရှိနေဆဲဖြစ်ကြောင်း KloFM က ဒေသခံသတင်းရင်းမြစ်ကို ကိုးကား၍ ဖော်ပြသည်။