အာဏာသိမ်းအဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တာဝန်ရှိသူ (၃)ဦးကို ထောင်ဒဏ်များ ချမှတ်

အာဏာသိမ်းအဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တာဝန်ရှိသူ (၃)ဦးကို ထောင်ဒဏ်များ ချမှတ်
ဒီဇင်ဘာ 30, 2021 | အခြားဒေသများ

အာဏာသိမ်းအဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၏  တာဝန်ရှိသူများဖြစ်ကြသည့် ဦးဟံသာမြင့်၊ ဒေါက်တာမျိုးညွှန့်နှင့် ဦးသိန်းဦးတို့ကို အင်းစိန်အထူးတရားရုံးက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ထောင်ဒဏ်အသီးသီးချမှတ်လိုက်ပြီး မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကိုလည်း ယမန်နေ့က ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့က NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်ကြသည့်  ဦးဟံသာမြင့်၊ ဒေါက်တာမျိုးညွှန့်နှင့် ဦးသိန်းဦးတို့ကို ပုဒ်မ ၅၀၅ ခ ဖြင့် ထောင်ဒဏ် (၂) နှစ်စီ ယနေ့တွင် အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်းသိရပြီး မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကို ယမန်နေ့က အဂတိမှု(၆)မှုအား တစ်မှုလျှင် ထောင်ဒဏ် (၃) နှစ်စီဖြင့် စုစုပေါင်း ထောင်ဒဏ် (၁၈)နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့က အာဏာသိမ်းသည့်နေ့ ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှာပင် NLD ပါတီခေါင်းဆောင်ပိုင်းများကို မတရားဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။