ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသတွင် တိုက်ခိုက်နေသည့် အာဏာသိမ်းစစ်တပ်က မုံးကိုးခရိုင်ရှိ ကိုးကန့် MNDAA တပ်စခန်းနေရာများအား ဒရုန်းများဖြင့် ထောက်လှမ်းနေသည်ဟု သိရသည်။
စစ်ကောင်စီတပ်သည် မုံးကိုးခရိုင်အတွင်း ပိုမိုလှုပ်ရှားလာပြီး ယမန်နေ့က ဒရုန်း (၁၀) စီးဖြင့် ထောက်လှမ်းနေကြောင်း သိရသည်။
ယမန်နေ့က တိုက်ပွဲများမရှိသော်လည်း အာဏာသိမ်းစစ်တပ်က ကိုးကန့် MNDAA ၏ မုံးကိုးခရိုင်တွင်းမှ တပ်စခန်းဘက်ကို လက်နက်ကြီး အချက်ရေ (၅၀) ဝန်းကျင်ပစ်ခတ်တိုက်ခိုက်သဖြင့် ကိုးကန့်ဘက်မှ (၁) ဦးထိခိုက်သည်ဟု သိရသည်။
ရှမ်းပြည်နယ်အတွင်း ကိုးကန့် MNDAA ကို အာဏာသိမ်းစစ်တပ်က တိုက်ခိုက်နေပြီး နေ့စဉ်နီးပါးတိုက်ပွဲများဖြစ်ပွားနေကာလက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကို ဆက်တိုက်ပြုလုပ်နေသည့်အပြင် ထောက်လှမ်းရေးဒရုန်းများ အသုံးပြုနေသည့် အာဏာသိမ်းတပ်၏ သတင်းထုတ်ပြန်ရေးက ကိုးကန့်တိုက်ပွဲများတွင် MNDAA က လက်နက်အင်အားများစွာအသုံးပြုနေသည်ဟု ဆိုထားသည်။
အာဏာသိမ်းစစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် တိုက်ခိုက်မှုအပြင် ဒေသကာကွယ်ရေးအဖွဲ့ငယ်များဖြင့် တိုက်ခိုက်ရာတွင်လည်း လက်နက်ကြီးများ၊ ထောက်လှမ်းရေးဒရုန်းများ၊ စစ်ရဟတ်ယာဉ်များကို အသုံးပြုတိုက်ခိုက်နေခြင်းဖြစ်သည်။