မိုင်းပျဥ်းနှင့် မက်မန်းမြို့နယ်ကို ဆက်သွယ်ထားသည့် ဝမ်တာခက်တံတား ရေလယ်တိုင် ရေစီးနှင့်မျောပါသွားသဖြင့် တံတားကိုယာယီပိတ်ထား

မိုင်းပျဥ်းနှင့် မက်မန်းမြို့နယ်ကို ဆက်သွယ်ထားသည့် ဝမ်တာခက်တံတား ရေလယ်တိုင် ရေစီးနှင့်မျောပါသွားသဖြင့် တံတားကိုယာယီပိတ်ထား
သြဂုတ် 28, 2024 | 2021 Military Coup| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဥ်းမြို့နယ် ၀မ်တာခက်ကျေးရွာနှင့် မက်မန်းမြို့နယ်ကို ဆက်သွယ်ထားသည့် ၀မ်တာခက် သံဘေလီတံတား ချောင်းရေမြင့်တက်ပြီး တံတားအလယ်တိုင် ရေစီးနှင့်မျောပါသွားခြင်းကြောင့် တံတားအား ယာယီပိတ်ထားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ တံတားဦးစီးဌာနထံမှ သိရသည်။

၂၀၂၄ခုနှစ် သြဂုတ်လ (၂၂)ရက်နေ့ကစတင်ကာ ချောင်းရေမြင့်တက်မှုကြောင့် တံတားအောက်ခြေရှိ အလယ်တိုင်မှာ ရေစီးနှင့်အတူ မျောပါသွားခဲ့ခြင်းဖြစ်ပြီး တံတားအလယ်နေရာမှာ နှိမ့်ကျမှုဖြစ်ပေါ်နေကြောင်း သိရသည်။

အဆိုပါ (၄၄၀)ပေ အရှည်ရှိ ၀မ်တာခက်တံတား(ဘေလီတံတား)၏ ကွန်ကရစ်ရေလည်တိုင် (p3)သည် ရေစီးနှင့် ပါသွားခြင်းကြောင့် တံတားအသုံးပြုခွင့်အား ခေတ္တပိတ်ထားမည်ဖြစ်ပြီး တိုင်စင်များဆောင်ရွက်ပြီးမှသာ တံတားပြန်လည်အသုံးပြုခွင့်ပေးမည်ဟု သိရသည်။

#TachileikNewsAgency