ရေဦးမြို့သို့ ပြောင်းရွှေ့လာသည့် စိုင်းပြင်စခန်းမှူး၏ ပစ္စည်းများတင်လာသည့် ကား လမ်းတွင် မိုင်းခွဲခံရပြီး မီးလောင်

Photo: 𝐥𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 𝐟𝐨𝐫 𝐬𝐚𝐢𝐧𝐠𝐩𝐲𝐢𝐧
Photo: 𝐥𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 𝐟𝐨𝐫 𝐬𝐚𝐢𝐧𝐠𝐩𝐲𝐢𝐧
ရေဦးမြို့သို့ ပြောင်းရွှေ့လာသည့် စိုင်းပြင်စခန်းမှူး၏ ပစ္စည်းများတင်လာသည့် ကား လမ်းတွင် မိုင်းခွဲခံရပြီး မီးလောင်
နိုဝင်ဘာ 10, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့သို့ ပြောင်းရွှေ့လာသည့် စိုင်းပြင်စခန်းမှူး၏ ပစ္စည်းများသယ်လာသည့် မော်တော်ယာဉ်တစ်စီး ဒီပဲယင်းမြို့နယ်အတွင်း စိုင်ပြင်နှင့် ဒီပဲယင်းကြားတွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၀) ရက်နေ့ နေ့လယ်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခံရပြီး စခန်းမှူး၏ ပစ္စည်းများ မီးလောင်သွားကြောင်း သိရသည်။

ပြောင်းရွှေ့လာသည့် စခန်းမှူး၏ပစ္စည်းများတင်လာသည့် ကားအပါအဝင် စုစုပေါင်း ကား (၂) စီးကို စိုင်ပြင်နှင့် ဒီပဲယင်းကြားတွင် ဒေသခံကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသအခြေစိုက် မီဒီယာများတွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။

ကား (၂) စီးအနက် ကားတစ်စီးမှာ မိုင်းခွဲတိုက်ခိုက်ခံရမှုမှ လွတ်သွားပြီး စခန်းမှူး၏ပစ္စည်းများတင်လာသည့်ကားပေါ်မှ ပစ္စည်းများ မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။