တမူး - အောင်ဇေယျကားလမ်းပိုင်းတွင် ကြားဖြတ်တိုက်ခံရ၍ စစ်ကောင်စီတပ်သား (၁၀)ဦး အထက် သေဆုံး

တမူး - အောင်ဇေယျကားလမ်းပိုင်းတွင် ကြားဖြတ်တိုက်ခံရ၍ စစ်ကောင်စီတပ်သား (၁၀)ဦး အထက် သေဆုံး
ဧပြီ 24, 2022 | အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ တမူး - အောင်ဇေယျကားလမ်းပိုင်းတွင် ဧပြီလ(၂၃)ရက်နေ့၏ နေ့လည်ပိုင်းက တပ်အချိန်းပြောင်းပြုလုပ်နေသည့် စစ်ကောင်စီယာဉ်တန်းအား  ကြားဖြတ်ခြုံခိုတိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ်သား (၁၀)ဦးအထက် သေကြောင်း တမူး PDF က သတင်းထုတ်ပြန်ထားရှိသည်။

၎င်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့) တပ်ရင်း - (၁) ၊ တပ်ရင်း - (၂)ပူးပေါင်းတပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ(၂)ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ ဒဏ်ရာရရှိသူများသဖြင့် တမူးမြို့တွင်းသို့ ကားများ၊ ဆိုင်ကယ်များဖြင့် ပြန်လည်ဆုတ်ခွာသွားကြကြောင်း သိရသည်။

နောက်နောင်တွင်လည်း တမူး - အောင်ဇေယျ ကားလမ်းပိုင်းအား နယ်မြေရှင်းလင်းရေးနှင့် ယာဉ်စစ်ဆေးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်အာဏာရှင်စနစ် အပြီးတိုင်ချူပ်ငြိမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။