မန္တလေးတိုင်းဒေသကြီး၊ မိထ္တီလာခရိုင်အတွင်း ဝမ်းတွင်းမြို့တွင် ဒလန်အမည်စာရင်းတွင် ပါဝင်နေသူ၏ နေအိမ်တွင် နိုဝင်ဘာလ(၉)ရက်နေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်း အမှတ်(၂)တံတားဦးရပ်ကွက်တွင်းမှ ဒလန်အမည်စာရင်းတွင် ပါဝင်နေသည့် မျိုးညွန့်တင် ဆိုသူ၏ နေအိမ်တွင် ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၉)ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်အချိန်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သူက နာမည်ကြီး ဒလန်စာရင်းထဲမှာလဲပါတယ်။ ထိခိုက်မှုတော့ မရှိဘူး။ သတိပေးတဲ့အနေနဲ့ လုပ်တာဖြစ်ဖို့များတယ်
ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။
ဝမ်းတွင်းမြို့တွင် အာဏာသိမ်းစစ်တပ်နှင့် ဒေသအုပ်ချုပ်ရေး စကစ အဖွဲ့ကို သတင်းပေးသည့် ဒလန်များကို ဒေသကာကွယ်ရေးအဖွဲ့များက ပထမအဆင့်အနေဖြင့် သတိပေးမှုများ လုပ်ဆောင်လေ့ရှိသည်ဟု သိရသည်။