ဝမ်းတွင်းမြို့နယ်အတွင်း သခွပ်မြင့်ကျေးရွာက Mytel တာဝါတိုင်ကို ဒေသကာကွယ်ရေးအဖွဲ့က ဖောက်ခွဲ 

ဝမ်းတွင်းမြို့နယ်အတွင်း သခွပ်မြင့်ကျေးရွာက Mytel တာဝါတိုင်ကို ဒေသကာကွယ်ရေးအဖွဲ့က ဖောက်ခွဲ 
နိုဝင်ဘာ 2, 2021 | အခြားဒေသများ

မန္တလေးတိုင်းဒေသကြီးအတွင်း၊ ဝမ်းတွင်းမြို့နယ်၊ သခွပ်မြင့်ကျေးရွာရှိ အာဏာသိမ်းစစ်တပ်၏ Mytel တာဝါတိုင်ကို စစ်အာဏာရှင်ကို အလိုမရှိသည့် ဒေသကာကွယ်ရေးအဖွဲ့က ပူးပေါင်းပြီး ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

မိတ္တီလာခရိုင်အတွင်း မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်းနှင့် မလှိုင် (၄)မြို့နယ်မှ ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းပြီး ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂)ရက်နေ့ နံနက်အကူးပိုင်းက ဖောက်ခွဲ ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်။

မိတ္တီလာခရိုင်အတွင်း အာဏာသိမ်းစစ်တပ်၏ သတင်းပေးများ၊ ဒေါက်တိုင်များ နှင့် ယခုလို Mytel တာဝါတိုင်များကို မိတ္တီလာခရိုင်အတွင်း ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းပြီး သတိပးခြင်း၊ ရှင်းလင်းခြင်း နှင့် ဖောက်ခွဲခြင်းများကို လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။