မကွေးမြို့ရှိ EPC ရုံး၏ ထရန်စဖော်မာ နှင့် လဝကရုံးကို PDF နှင့် ပြောက်ကျားအဖွဲ့က ဗုံးဖောက်ခွဲ

မကွေးမြို့ရှိ EPC ရုံး၏ ထရန်စဖော်မာ နှင့် လဝကရုံးကို PDF နှင့် ပြောက်ကျားအဖွဲ့က ဗုံးဖောက်ခွဲ
အောက်တိုဘာ 26, 2021 | အခြားဒေသများ

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် No Chair ပျောက်ကြားတပ်ဖွဲ့(မကွေး) တို့ ပူးပေါင်းပြီး ရုံး(၂)ရုံးကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ဗိဿနိုး PDF က သတင်းထုတ်ပြန်လာသည်။

ယနေ့ ၂၀၂၁ခုနှစ်‌ အောက်တိုဘာလ(၂၆)ရက်နေ့ နေ့လည်(၂)နာရီဝန်းကျင်အချိန်က မကွေးမြို့၊ ဈေးလယ်စိုးရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ လျှပ်စစ်အင်ဂျင်နီယာရုံး (EPC) ထရန်စဖော်မာ ကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် No Chair ပြောက်ကျားတပ်ဖွဲ့(မကွေး) တို့ ပူးပေါင်းပြီး ဗုံးဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး တစ်ချိန်တည်းမှာပင် ရန်မျိုးနိုင်ရပ်ကွက်အတွင်းရှိ လဝကရုံးကိုလည်း ဗုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း သိရသည်။

ဗိဿနိုး PDF က စစ်အာဏာရှင်စနစ် အမြတ်ပြုတ်သည်အထိ No Chair ပျောက်ကြားတပ်ဖွဲ့(မကွေး)နှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

ယနေ့ အောက်တိုဘာလ(၂၆)ရက်နေ့တွင် မကွေးမြို့နယ်အတွင်းရှိ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း သေနတ်ဖြင့် (၆)ချက် ပစ်ခံရပြီး ချောက်ထဲသို့ ကျသွားပြီး စိုးရိမ်ရသည့် အခြေအနေရှိကြောင်း နှင့် ၎င်းအား မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကိုတော့ မသိရကြောင်း ဒေသခံများထံက သိရသည်။

#TachileikNewsAgency