သြဂုတ် 18, 2021 | PDF
****
ကယား(ကရင်နီ)ပြည်နယ်ရှိ လွိုင်ကော်မြို့နယ် လောပိတရေအားလျှပ်စစ်မှ အာဏာသိမ်းစစ်ကောင်စီတပ် သီးသန့်သုံးစွဲနေသည့် မဟာဓါတ်အားလိုင်းတစ်လိုင်းမှ တာဝါတိုင်ကို ဖယ်ခုံ PDF က ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၂) ရက်နေ့တွင် မိုင်းခွဲဖျက်ဆီးပစ်လိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။
အဆိုပါ တာဝါတိုင်မှာ အာဏာသိမ်းစစ်ကောင်စီတပ်အတွက်သာ သီးသန့်သုံးနေခြင်းဖြစ်ပြီး အများပြည်သူ အသုံးပြုနေသည့် တာဝါတိုင် မဟုတ်ကြောင်း သိရသည်။