တာလေ နှင့် ကျိုင်းလပ်အသွား လမ်းပေါ်တွင် တောင်ကျရေကြောင့် တံတားကျိုး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းထဲက တာလေ နဲ့ ကျိုင်းလပ်မြို့ အသွားလမ်းပေါ်ရှိမှာရှိတဲ့ ဝမ်ပိုင်းရွာက တံတား(၁)စင်း မိုးရွာသွန်းမှုနဲ့အတူ တောင်ကျရေကြောင့်   ဒီနေ့ ၂၀၂၁  ဇူလိုင်လ(၂ ၁)ရက်နေ့အကူး နံနက်(၁)နာရီဝန်းကျင်အချိန်က တံတားကျိုးကျသွားမှု ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီတံတားဟာ တာလေမြို့နဲ့  (၃)ကီလိုကနေ (၄)ကီလိုအကြား ကွာဝေးပြီး မိုင်းလင်းအနောက်ကျေးရွာအုပ်စု ဝမ်ပိုင်းရွာမှာရှိတဲ့ တံတားဖြစ်သလို အခုလို ကျိုးကျပျက်စီးမှုနဲ့ပတ်သက်ပြီး မနက်မိုးလင်းရင် ယာယီသွားလို့ရအောင် လုပ်ဆောင်ပြီးတော့ ပုံမှန်အတိုင်း တံတားအမြန်ဆုံးပြီးစီးရေးအတွက် လမ်းဦးစီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံက သိရပါတယ်။ 

အခု ကျိုးကျသွားတဲ့ တံတားဟာ တာလေ နဲ့ ကျိုင်းလပ်မြို့သွားတဲ့ လမ်းပေါ်မှာရှိပြီး နေ့စဉ် ယာဉ်များဖြတ်သန်းသွားလာနေရတဲ့ တံတားဖြစ်ပါတယ်။