COVID 19 တတိယလှိုင်းအတွင်း ကုသမှုမရရှိဘဲ နေအိမ်တွင် သေဆုံးသူ နေ့စဉ်နှင့်အမျှ တိုးလာနေ

နိုင်ငံအာဏာသိမ်းခံရချိန်အတွင်း ဖြစ်ပွားနေသည့် COVID 19 တတိယလှိုင်းတွင် ကုသမှု မရကြဘဲ နေအိမ်၌ အသက်ဆုံးရှုံးရသူ နေ့စဉ်နှင့်အမျှ တိုးလာနေဆဲဖြစ်ရာ ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့ကလည်း ရန်ကုန်မြို့တွင် သားအဖနှစ်ဦးတည်းသာ နေထိုင်သည့် နေအိမ်အတွင်း သားအဖနှစ်ဦးလုံး သေဆုံးနေသဖြင့် မေတ္တာသင်္ဂဟလူမှုကူညီရေးအသင်းက သွားရောက်သယ်ဆောင်ပေးနေသည်ကို တွေ့ရသည်။ 

COVID 19 စစ်ဆေးကုသမှုခံယူခွင့်မရကြဘဲ မိမိနေအိမ်တွင် မိမိတို့အစီအစဉ်ဖြင့် ကုသရင်း သေဆုံးရသူများလာသဖြင့် ရန်ကုန်မြို့ရှိ သုဿန်များတွင် သဂြိုလ်ရန် အလောင်းများ တန်းစီစောင့်ဆိုင်းနေကြရသည်ကို တွေ့ရသည်။



Video: Minn Din