ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ် - နမ့်ဖတ်ကာ နဲ့ မော်တောင်း - တာလုံးအကြားမှာရှိတဲ့ အက်စ်(S)ကွေ့အနီးမှာ ကားကြီး(၃)စီး ကန့်လန့်လုပ်ထားပြီး ဘိလပ်မြေတင်ထားတဲ့ တွဲကား(၁)စီး မီးရှိုခံထားရတဲ့ အခြေအနေကို ယနေ့ ၂၀၂၁ခုနှစ် ဇွန်လ(၁၉)ရက်နေ့ နံနက်(၈)နာရီအချိန်က အခုလို မြင်တွေ့ရပါတယ်။
မနေ့ကလည်း အခုလို ဖြစ်ပွားခဲ့တာကြောင့် ခရီးသွားပြည်သူများနဲ့ကုန်တင်ယာဉ်များအနေနဲ့ လမ်းကြောအခြေအနေတွေကို ကြိုတင်လေ့လာပြီးမှ သွားလာကြဖို့ အချင်းချင်း အသိပေးထားကြပါတယ်။
vdo: CJ
ပြင်ဆင်ချက် - vdo ထဲမှာ ရက်စွဲအမှန်မှာ ၁၈.၆.၂၀၂၁ နှင့် ၁၉.၆.၂၀၂၁ ဖြစ်ပါသည်။ ( ၉ လပိုင်းကို မှားယွင်းရေးမိခြင်း ဖြစ်ပါသည် )