ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် သြဂုတ်လ (၃၀)ရက်နေ့က ဗုံးကြဲသွားကြောင်း MNDAA က ထုတ်ပြန်သည်။
လားရှိုးမြို့ကို လေကြောင်းမှ ည(၈)နာရီ (၄၅)မိနစ်တွင် တစ်ကြိမ်၊ (၈)နာရီ (၅၀)မိနစ်တွင်တစ်ကြိမ် စာသင်ကျောင်းများနှင့် လူနေရပ်ကွက်များအား ဗုံးကြဲသည်ဟု ဆိုသည်။
လားရှိုးမြို့ ရပ်ကွက် (၉)ရှိ အမှတ် (၈) အခြေခံပညာ အထက်တန်းကျောင်းကို ဗုံးကြဲခံရမှုတွင် စာသင်ကျောင်းအတွင်း အဆောက်အဦးအများအပြား ပျက်စီးပြီး ကျောင်းအနီးရှိ လူနေအဆောက်အဦးတစ်ခုပေါ်သို့ ထပ်မံဗုံးကြဲရာ အပေါ်ထပ် ထိခိုက်ပျက်စီးမှုများရှိသည်ဟု ဆိုသည်။
လေကြောင်း တိုက်ခိုက်မှုအပြီး ဒေသခံများ ထိခိုက်သေဆုံးမှုမရှိခဲ့ဟုလည်း သိရသည်။
လားရှိုးမြို့ကို MNDAA က တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်ပြီး စစ်ရေးရှုံးနှိမ့်နေသည့်စစ်ကောင်စီတပ်သည် လူနေရပ်ကွက်များကို ဗုံးကြဲခြင်းများပြုလုပ်က တရုတ်ကိုလည်း စစ်ရေးအရ အကူအညီတောင်းခံခြင်းများရှိသည်။
#TachileikNewsAgency
Video: 果敢资讯网