ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် သွေးလွန်တုပ်ကွေးကာကွယ်ရေးအတွက် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းအမှိုက်ကောက်မှုနှင့်အတူ ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်များအား ပထမအကြိမ်အဖြစ် ၂၀၁၉ခုနှစ် ဇွန်လ(၈)ရက်နေ့က ဆောင်ရွက်ပြီး ဒုတိယအကြိမ်အဖြစ် ဇွန်လ(၁၅)ရက်နေ့ နံနက်က စုပေါင်းဆောင်ရွက်ကြောင်း သိရသည်။
တာချီလိတ်မြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးကာကွယ်ရေးအတွက် ရပ်ကွက်များအတွင်း ခြင်ဆေးဖြန်းခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ဆောင်ရွက်နေပြီး တာချီလိတ်မြို့နယ်တွင်းရှိ ကျေးရွာအုပ်စုများတွင် ကျေးလက်ကျန်းမာရေးဌာနများမှ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေပြီး အပတ်စဉ်အစီရင်ခံစာများကို ခရိုင်ကျန်းမာရေးဦးစီးဌာနသို့ တင်ပြနေကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအနေဖြင့် ၂၀၁၉ ခုနှစ် ဇန်န၀ါရီလတွင် (၆) ဦး၊ ဖေဖော်ဝါရီလတွင် (၆) ဦး၊ မတ်လတွင် (၁) ဦး၊ ဧပြီလတွင် (၁) ဦး၊ မေလတွင် (၂၁) ဦး၊ ဇွန်လ (၁၅) ရက်နေ့အထိ (၂၀) ဦးဖြစ်ပွားခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် (၄) ဦး၊ ၂၀၁၅ ခုနှစ်တွင် (၁၈) ဦး၊ ၂၀၁၆ ခုနှစ်တွင် (၅၇) ဦး၊ ၂၀၁၇ ခုနှစ်တွင် (၁၅၈) ဦး၊ ၂၀၁၈ ခုနှစ်တွင် (၄၅၄) ဦး ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Tachileik News Agency
"အပတ်တိုင်း အပတ်တိုင်းမှာ အမှိုက်ကောက်ရင်းနဲ့ သွေးလွန်တုပ်ကွေး ကာကွယ်နိုင်ရေးအတွက် ခြင်တွေ၊ ပိုးလောက်လန်းတွေ မပြန့်ပွားစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ကို လုပ်မှာပါ။ ကျန်းမာရေးတို့၊ မီးသတ်တို့၊ ကြက်ခြေနီတို့၊ စည်ပင်တို့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးလုပ်မှာပါ"ဟု တာချီလိတ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
တာချီလိတ်မြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးကာကွယ်ရေးအတွက် ရပ်ကွက်များအတွင်း ခြင်ဆေးဖြန်းခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ဆောင်ရွက်နပြေီး တာချီလိတ်မြို့နယ်တွင်းရှိ ကျေးရွာအုပ်စုများတွင် ကျေးလက်ကျန်းမာရေးဌာနများမှ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နပြေီး အပတ်စဉ်အစီရင်ခံစာများကို ခရိုင်ကျန်းမာရေးဦးစီးဌာနသို့ တင်ပြနေကြောင်း သိရသည်။
"အပတ်စဉ်လုပ်ဆောင်သွားမှာပါ။ ဌာနဆိုင်ရာနဲ့ တွဲပြီးလုပ်တာပေါ့။ ဒီဟာကတစ်ယောက်တည်းလုပ်လို့ရတာ မဟုတ်တော့။ လူမှုရေးအသင်းအဖွဲ့တွေရော၊ ရပ်ကွက်နပြေည်သူတွေရော ပူးပေါင်းဆောင်ရွက်ရတာပေါ့။ ကျန်းမာရေးကလူတိုင်းနဲ့ ဆိုင်တာဆိုတော့ အိမ်တိုင်းအိမ်တိုင်းနဲ့ သက်ဆိုင်တာပေါ့"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအနဖြေင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် (၆) ဦး၊ ဖေဖော်ဝါရီလတွင် (၆) ဦး၊ မတ်လတွင် (၁) ဦး၊ ဧပြီလတွင် (၁) ဦး၊ မေလတွင် (၂၁) ဦး၊ ဇွန်လ (၁၅) ရက်နေ့အထိ (၂၀) ဦးဖြစ်ပွားခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် (၄) ဦး၊ ၂၀၁၅ ခုနှစ်တွင် (၁၈) ဦး၊ ၂၀၁၆ ခုနှစ်တွင် (၅၇) ဦး၊ ၂၀၁၇ ခုနှစ်တွင် (၁၅၈) ဦး၊ ၂၀၁၈ ခုနှစ်တွင် (၄၅၄) ဦး ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Tachileik News Agency