မြိုင်မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် မြို့နယ်ထွေအုပ်တစ်ရုံးလုံး ပြည်သူ့ဘက်က ရပ်တည်ကာ CDM လုပ်ဆောင်

မြိုင်မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် မြို့နယ်ထွေအုပ်တစ်ရုံးလုံး ပြည်သူ့ဘက်က ရပ်တည်ကာ CDM လုပ်ဆောင်

မ​ကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တွင် အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်အဖွဲ့က အကြမ်းဖက်ပစ်ခတ်မှုကြောင့် ပြည်သူ (၆) ဦးသေဆုံးခဲ့ရပြီး နောက်တစ်နေ့ဖြစ်သည့် ၂၀၂၁ ခုနှစ် မတ်လ (၁၂) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်​ရေးမှူးအပါအဝင် အ​ထွေ​ထွေအုပ်ချုပ်​ရေးဝန်ထမ်း စုစုပေါင်း (၃၃)ဦးက CDM ပြုလုပ်လိုက်ကြောင်း သိရသည်။

မြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသာမောင်မောင်အေး၊  ဦးထွန်းလင်းအောင် (ထ/၁၁၂၈၇၄)ဒေါင်အိုအုပ်စု၊ ဦးအောင်ဆန်းလွင် (ထ/၁၁၉၀၅၃) ကွမ်းတောအုပ်စု၊ ဦးနိုင်ဇင်လင်း (ထ/၁၃၉၉၄၀) ရွာရှည်အုပ်စု၊ ဦးဝင်းမြင့်ထွန်း (ထ/၁၂၇၇၃၉) အလယ်ကန်အုပ်စု၊ ဦးနိုင်ထူးဝေ (ထ/၁၂၉၆၃၆) ပန်းစွာအုပ်စု

၊ ဦးနေလင်းအောင် (ထ/၁၁၇၀၁၆) အိုးဘိုအုပ်စု၊ ဦးဘိုလင်း (ထ/၁၁၉၅၁၈) သမင်ချောက်အုပ်စု၊ ဦးဝေဇော်ဦး (ထ/၁၃၈၇၁၇) ရုံးစောင့်၊ ဦးဆန်းမင်းဦး (ထ/၁၃၄၃၀၆) ဆင်စိန်အုပ်စု၊ ဦးအောင်နေမျိုးထက် (ထ/၁၃၇၈၅၄) ကိုင်းတောမအုပ်စု၊  ဦးသန့်ဇင်ထွန်း (ထ/၁၁၉၂၈၅) ကံတိမ်အုပ်စု၊  ဦးကျော်သူ (ထ/၁၂၃၉၉၅) မကျီးစုအုပ်စု၊ ဦးလင်းလင်းအောင် (ထ/၁၃၇၈၅၁) ကြည့်ကန်အုပ်စု

၊ ဦးခန့်ဝင်း (ထ/၁၃၈၃၃၄) သဒွတ်အုပ်စု၊ ဦးကျော်ဆွေဦး (ထ/၁၃၉၉၃၈) ထနောင်းဝင်းအုပ်စု၊ ဦးလွှမ်းမိုးအောင် (ထ/၁၃၉၉၄၁) သနပ္ပင်ကုန်းအုပ်စု၊ ဒေါ်အေးတိုး (ထ/၁၂၉၆၃၄) ဝက်ပုတ်အုပ်စု၊ ဒေါ်ချစ်စုစံ (ထ/၁၂၅၅၄၅) ကွန်လပ်အုပ်စု၊ ဒေါ်နန္ဒာလင်း (ထ/၁၁၆၄၀၈) ဂျုတ်ကုန်းအုပ်စု၊ ဒေါ်နွယ်နီထွန်း (ထ/၁၄၁၇၀၆) သင်းမအုပ်စု၊  ဦးဝင်းမြင့် (ထ/ ) လှည်းခုတ်အုပ်စု၊ ဦးနှစ်ဆန်းဦး (ထ/ ) တဲကြီးအုပ်စု၊ ဦးမင်းခန့်ကိုကို (ထ/၁၁၇၀၁၇) နှမ်းဆီကန်အုပ်စု၊  ဦးအောင်ရဲကျော် (ထ/၁၃၉၉၃၆) ဂွေးပင်လယ်အုပ်စု၊ ဦးအောင်ကိုထွန်း (ထ/၁၃၃၈၅၈) လက်နှိပ်စက်စာရေး မြို့ပေါ်ရုံး၊  ဦးကျော်ကျော်ဦး (ထ/၁၁၆၇၂၁) ဖျသီးအုပ်စု၊  ဦးခင်ဇော်ငြိမ်း (ထ/၁၃၁၁၅၆) နှောပင်အုပ်စု၊ ဒေါ်အေးမိုးအောင် (ထ/၁၄၃၄၃၄)အငယ်တန်းစာရေး မြို့ပေါ်ရုံး၊ ဒေါ်တင်ဇာလှိုင် (ထ/) အငယ်တန်းစာရေး မြို့ပေါ်ရုံး၊  ဦးမျိုးမြင့်ဟန် (ထ/၁၃၉၉၃၉) ကံယာကောင်းအုပ်စုနှင့်  ဦးတင်မိုး (ထ/၁၀၈၀၃၅) လင်းကတောအုပ်စုတို့သည် ပြည်သူနှင့်အတူရပ်တည်ကာ စစ်အာဏာရှင်ဆန့်ကျင်သည့် ပြည်သူ့ဝန်ထမ်းများ၏ CDM တွင် ပါဝင်လာကြောင်း သိရသည်။



အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်တပ်ဖွဲ့များက မတ်လ (၁၁) ရက်နေ့တွင် မြိုင်မြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်နေသည့် လက်နက်မဲ့ပြည်သူများကို ပစ်ခတ်ဖြိုခွင်းသဖြင့် (၆) ဦးသေဆုံးခဲ့ရခြင်းဖြစ်သည်။