အင်အားပြင်း ငလျင်ကြောင့် PDF များထိန်းချုပ်ထားသည့် မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တို့တွင် သေဆုံးသူ (၄၄)ဦး၊ ဒဏ်ရာရသူ (၁၀၇)ဦးရှိခဲ့ပြီး ငလျင်ဘေးသင့် ပြည်သူများကို ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း ပြည်ဦးလွင်ခရိုင် ပကဖ ထံမှ သိရသည်။
ငလျင်ဒဏ်ခံရသော PDFများ ထိန်းချုပ်ထားသည့် မြို့နယ်(၃)မြို့နယ်အနက် မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တို့ မှာ အထိခိုက်အပျက်အစီးအများဆုံးဖြစ်ပြီး ဒဏ်ရာရသူ (၉၀)ဦးတွင် ပြင်းထန်ဒဏ်ရာရသူ(၂၀)ဦး ပါဝင်သည်ဟု သိရသည်။
မတ္တရာမြို့နယ်တွင် မြို့တွင်းမှလွဲ၍ ဒဏ်ရာရသူ (၁၇)ဦးနှင့် သေဆုံးသူ (၈)ဦးရှိခဲ့ပြီး ငလျင်ဒဏ်ကြောင့် သပိတ်ကျင်း ၊ စဉ့်ကူးမြို့နှင့် မတ္တရာမြို့နယ်အနောက်ခြမ်းတို့တွင် ဘုရားစေတီကျောင်းကန်များနှင့် ပြည်သူနေအိမ်အများအပြား ပျက်စီးသည်ဟု သိရသည်။
စဉ့်ကူးမြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့်ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူ မိသားစုများအား ပြင်ဦးလွင် ခရိုင် ပကဖ နှင့်အတူ စဉ့်ကူးမြို့နယ် ပကဖ၊ ပအဖနှင့် တပ်ရင်းတပ်ဖွဲ့များစုပေါင်း၍ ကူညီကယ်ဆယ်လှူဒါန်းမှုများပြုလုပ်ပေးခဲ့သည်ဟု ဆိုသည်။
ပြင်ဦးလွင်ခရိုင်ပကဖမှ ငလျင်ဒဏ်ခံစားရသော မြို့နယ်များဖြစ်သော စဉ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်တို့အား ကျပ်သိန်း (၅၀)စီ လှူဒါန်းပေးခဲ့သည်ဟု သိရသည်။
#TachileikNewsAgency
Photo: ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်