ဘန်ကောက်ရောက် မင်းအောင်လှိုင် တည်းခိုသည့် ဟိုတယ်အတွင်း ထိုင်း တက္ကသိုလ်ကျောင်းသားတစ်ဦး ဝင်ရောက်ပြီး တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

ဘန်ကောက်ရောက် မင်းအောင်လှိုင် တည်းခိုသည့် ဟိုတယ်အတွင်း ထိုင်း တက္ကသိုလ်ကျောင်းသားတစ်ဦး ဝင်ရောက်ပြီး တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

ဘန်ကောက်ရောက် မင်းအောင်လှိုင် တည်းခိုသည့် ရှန်ဂရီလာဟိုတယ်အတွင်း ဝင်ရောက်ပြီး ထိုင်းတက္ကသိုလ်ကျောင်းသားတစ်ဦး ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ (၄)ရက်နေ့ ညနေ(၄)နာရီခွဲဝန်းကျင်တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိသည်။https://youtu.be/2DHFq3Ee1JY?si=oAWwM1WIe92Uw5cV

တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သူမှာ ထိုင်းနိုင်ငံသား ပထမနှစ် တက္ကသိုလ်ကျောင်းသားဖြစ်ကြောင်း ကနဦး သိရသည်။

၎င်းသည် ဟိုတယ်အတွင်း ဝင်ရောက်ပြီး "အာဏာရှင် လူသတ်သမား မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံက မကြိုဆိုဘူး။ အပြည်မဲ့ပြည်သူ (၆,၀၀၀)ကျော်ရဲ့ သွေးတွေ စွန်းထင်းနေတဲ့ လက်ကို လက်ဆွဲနှုတ်ဆက်ရတာ ဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝပ် အနေနဲ့ ဘယ်လိုခံစားရသလဲ။ ဒီမိုကရေစီနိုင်ငံလို့ ကြွေးကြော်ထားပေမဲ့ အပြစ်မဲ့ ပြည်သူတွေကို သတ်တဲ့ စစ်အာဏာရှင်နဲ့ ဆွေးနွေးပွဲ လုပ်ရတာ မရှက်ဘူးလား။ ထိုင်းနိုင်ငံက မြန်မာပြည်သူတွေနဲ့ ရပ်တည်တယ်။ ထိုင်းပြည်သူတွေက လူသတ် အာဏာရှင်တွေကို လက်မခံဘူး"ဟု အဓိပ္ပါယ်သက်ရောက်သည့် ထိုင်းဘာသာစကားဖြင့် ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ၎င်းအား လုံခြုံရေးအဖွဲ့များက ဟိုတယ်ပြင်ပသို့ ခေါ်ထုတ်သွားကြောင်းနှင့် ဆက်လက်၍ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ရဲစခန်းသို့ ခေါ်ဆောင်သွားသည်ဟု ကနဦး သိရသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် BIMSTEC ထိပ်သီးအစည်းအဝေးတက်ရောက်ရန်အတွက် ၂၀၂၅ခုနှစ် ဧပြီလ(၃)ရက်နေ့က ရောက်ရှိနေခြင်း ဖြစ်ပြီး ၎င်းတည်းခိုသည့် ဟိုတယ်ရှေ့တွင် ဧပြီလ(၃)ရက်နေ့က ဆန္ဒပြသည့် မြန်မာတစ်ဦးလည်း ဖမ်းခံထားရသည်။