ကလေးမြို့နယ်အတွင်း နေအိမ် မီးရှို့ပြီး ပစ္စည်းခိုးနေသည့် အာဏာသိမ်းစစ်တပ်၏ စစ်ကြောင်းအား တိုက်မိုင်း (၄)လုံးဖြင့် ဒေသကာကွယ်ရေးအဖွဲ့က တိုက်ခိုက်

ကလေးမြို့နယ်အတွင်း နေအိမ် မီးရှို့ပြီး ပစ္စည်းခိုးနေသည့် အာဏာသိမ်းစစ်တပ်၏ စစ်ကြောင်းအား တိုက်မိုင်း (၄)လုံးဖြင့် ဒေသကာကွယ်ရေးအဖွဲ့က တိုက်ခိုက်
ဇန်နဝါရီ 1, 2022 | အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း မှန်တောကျေးရွာကို မီးရှို့ပြီး ပစ္စည်းခိုးယူနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်အား CDF-KKG ပြည်သူ့ကာကွယ်ရေးတပ်များက  ဂန့်ဂေါ - ကလေးလမ်းတွင် တိုက်မိုင်း(၄)လုံးဖြင့် တိုက်ခိုက်ရာ အသေအပျောက်များကြောင်း ဒေသပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်သည်။

ယနေ့ ဇန်နဝါရီလ(၁)ရက်တွင် ကလေးမြို့နယ်တောင်ပိုင်း ကြံသာကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အင်အား(၅၀)သည်  မှန်တောရွာကို မီးရှို့သည့်အပြင် ပစ္စည်းများခိုးယူပြီးနောက် ကမ်းပါးနီတံတားဘက်ဆီသို ဂန့်ဂေါ - ကလေးလမ်းမကြီးမှ သာမက တောလမ်းများကိုပါ အသုံးပြုကား စစ်ကြောင်းဖြန့်ပြီး ဆက်လျှောက်လာစဉ် မိုင်းဖြင့်တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ဆက်လက်၍ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် (၃) နာရီကျော်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင်များ အကျအဆုံးနှင့် ထိခိုက်ဒဏ်ရာရမှုများ ရှိနိုင်သည်ဟု သိရသည်။

 CDF - KKG တော်လှန်ရေးတပ်ဖွဲဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ထိခိုက်ကျဆုံးမှုကို အတည်မပြုနိုင်ခဲ့ဟု သိရသည်။