နေပြည်တော်တွင် ပြိုကျသွားသည့် ဟိုတယ်အတွင်း (၅)ရက်ကြာ ပိတ်မိနေသူ အမျိုးသားတစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်

နေပြည်တော်တွင် ပြိုကျသွားသည့် ဟိုတယ်အတွင်း (၅)ရက်ကြာ ပိတ်မိနေသူ အမျိုးသားတစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျသွားသည့်  (၆)ထပ်ရှိ ဟိုတယ်အေးချမ်းသာတွင် အမျိုးသားတစ်ဦးကို (၅)ရက်အကြာ ပိတ်မိနေရာမှ ယခုအခါ  အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ထံမှ သိရသည်။

အဆောက်အဦး အောက်ဆုံး(၂)ထပ်ပြိုကျ၍ ပိတ်မိနေသူ(၂)ဦးအနက် အမျိုးသားဦးကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် တူရကီနိုင်ငံမှ GEA Search and rescue အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ(၂)ရက်နေ့ နံနက်ပိုင်းတွင် အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး ကျန်တစ်ဦးကို ဆက်လက်ရှာဖွေနေသည်ဟု သိရသည်။

#TachileikNewsAgency

Photo: MFSD