စဥ့်ကူးမြို့နယ်အတွင်းရှိ ပြည်သူပိုင်ဆင်ကောင်ရေ ၁၃၈ ကောင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ထိန်းသိမ်းကာကွယ်ပေးထား

စဥ့်ကူးမြို့နယ်အတွင်းရှိ ပြည်သူပိုင်ဆင်ကောင်ရေ ၁၃၈ ကောင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ထိန်းသိမ်းကာကွယ်ပေးထား
စက်တင်ဘာ 3, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် သစ်တောဝန်ကြီးဌာနပိုင် သစ်ထုတ်ဆင်များနှင့် ဆင်အုပ်၊ ဆင်ထိန်းများ၏ မိသားစုများသည် PLA လှုပ်ရှားအုပ်ချုပ်သည့်စစ်နယ်မြေအတွင်းသို့ တိမ်းရှောင်လာသဖြင့် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၃)ရက်နေ့တွင် ထုတ်ပြန်သည်။ 

သပိတ်ကျင်း စဥ့်ကူးမြို့နယ်အတွင်းရှိ ပြည်သူပိုင်ဆင်ဝိုင်း(၂၁)ဝိုင်းသည် ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၀) ရက်နေ့မှစတင်ရှောင်တိမ်းလာခြင်းကြောင့် PLA မှ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။ 

PLA စစ်နယ်မြေအတွင်း မူလက ဆင်ဝိုင်း(၁၀)ဝိုင်းရှိပြီး ထပ်မံ၍ ဆင်ဝိုင်း(၁၁)ဝိုင်းသည် စဥ့်ကူးမြို့နယ်မှ မိုးကုတ်-သပိတ်ကျင်းမြို့နယ်ကြားသို့ ပြောင်းရွှေ့လာကြခြင်းဖြစ်ကာ လက်ရှိတွင် ဆင်ကောင်ရေ စုစုပေါင်း(၁၃၈)ကောင် ပါဝင်သော ဆင်ဝိုင်း(၂၁)ဝိုင်းကို ထိမ်းသိမ်းကာကွယ်ထားသည်ဟု ဆိုသည်။

ပြည်သူ့ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် ပြန်လည်၍ သက်ဆိုင်ရာဌာနများသို့ အပ်နှံသွားမည်ဖြစ်ဖြစ်ပြီး ပြည်သူပိုင်ရတနာအဖြစ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: People's Liberation Army - PLA