ဇမ္ဗူသီရိမြို့နယ်တွင် ငလျင်လှုပ်ခတ်ပြီး (၄)ရက်အကြာအထိ ပိတ်မိနေပြီး အသက်ရှင်နေသေးသည့် အမျိုးသမီးတစ်ဦးကို ကယ်ထုတ်နိုင်

ဇမ္ဗူသီရိမြို့နယ်တွင် ငလျင်လှုပ်ခတ်ပြီး (၄)ရက်အကြာအထိ ပိတ်မိနေပြီး အသက်ရှင်နေသေးသည့် အမျိုးသမီးတစ်ဦးကို ကယ်ထုတ်နိုင်

ငလျင်လှုပ်ခတ်ပြီး (၄)ရက်အကြာတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တိုက်အမှတ်(၃၃၆၉)တွင် အသက်ရှင် နေသည့် အမျိုးသမီးကြီးတစ်ဦးကို ရှာဖွေ တွေ့ရှိ ကယ်ဆယ်နိုင်လိုက်ကြောင်း သိရသည်။

(၄)ရက်အကြာ ပိတ်မိနေပြီး  အသက်ရှင်နေသေးသည့် အမျိုးသမီးကြီးမှာ အသက်(၆၃)နှစ်ဝန်းကျင်အရွယ်ရှိပြီး ၎င်းအား ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ(၁)ရက်နေ့ နံနက်(၉)နာရီ (၁၅)မိနစ်အချိန်တွင်  ရှာဖွေတွေ့ရှိ၍ ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။ 

လက်ရှိတွင် အဆိုပါ အမျိုးသမီးကြီးကို ကုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်အတွင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ရှာဖွေကယ်ဆယ်ရေး(အထူး)တပ်ဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေလျှက်ရှိကြောင်း သိရသည်။

Photo: MFSD