မြန်မာ့ငလျင်ဘေးအတွက် Spring CrowdFund (SCF) Team မှ အရေးပေါ် အကူအညီအဖြစ် အလှူငွေ ကျပ်သိန်း(၂၀၀၀)ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထံ လှူဒါန်းလိုက်သည်ဟု သိရသည်။
မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ်ကောက်ခံခဲ့ရာ ပြည်တွင်း၊ ပြည်ပမှ တော်လှန်ပြည်သူများက ဝိုင်းဝန်းလှူဒါန်းမှုကြောင့် (၂၄) နာရီအတွင်း မြန်မာကျပ်ငွေသိန်းပေါင်း (၂၄၀၀)ကျော် ကောက်ခံရရှိခဲ့ပြီး ငွေကျပ်သိန်း (၂၀၀၀)ကို NUG လူသားချင်းစာနာမှုဝန်ကြီးဌာနထံ လိုအပ်ချက်များ အလျင်အမြန်ဆုံး ဆောင်ရွက်နိုင်ရန် SCF Team မှ ကနဦး လွှဲပြောင်း လှူဒါန်းထားသည်ဟု သိရသည်။
#TachileikNewsAgency
Photo: Spring CrowdFund - နွေဦးလူထုရန်ပုံငွေ