ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျုံဒိုးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် နေအိမ် (၂)လုံး ထိခိုက်ပျက်စီးကြောင်း KNU ထံမှ သိရသည်။
ကျုံဒိုးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၃၀)ရက်နေ့ ည (၁၀)နာရီဝန်းကျင်တွင် စစ်ကောင်စီတပ် စကခ (၁၂)လက်အောက်ခံ တပ်သစ်အမြှောက်ကုန်းမှ တောင်ကြာအင်း ကျေးရွာအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ (၁၂၀) မမ (၄)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် တောင်ကြားအင်း ကျေးရွာနေ မန်းအကျော်နှင့် မန်းစည်သူတို့၏ နေအိမ် (၂)လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
အဆိုပါ ထိမှန်ပျက်စီးသွားသည့် ပြည်သူပိုင် နေအိမ် (၂)လုံးအနက် မန်းစည်သူ၏ နေအိမ်သည် ၂၀၂၃ ခုနှစ် မတ်လ (၃၀)ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ လက်နက်ကြီး တစ်ကြိမ် ထိမှန်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ကရင်ပြည်နယ်အတွင်း ပြည်သူများ နေထိုင်သည့် ကျေးရွာများသို့ လေကြောင်းဖြင့်သော်လည်းကောင်း၊ မြေပြင်မှ လက်နက်ကြီးများဖြင့် သော်လည်းကောင်း ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲပစ်ခတ်ပြီး လူ့အခွင့်အရေးနှင့် စစ်ရာဇဝတ်မှုဆိုင်ရာများအား နေ့စဉ်နှင့်အမျှ ကျူးလွန်လျှက်ရှိကြောင်း KNU က အသိပေးထားသည်။
#TachileikNewsAgency
#TNA_LE
Photo: KNU