ကျွန်းလှမြို့နယ် ဆင်စွယ်စခန်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အသေအပျောက်များကာ PDF ရဲဘော် ၈ဦး ကျဆုံး 

ကျွန်းလှမြို့နယ် ဆင်စွယ်စခန်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အသေအပျောက်များကာ PDF ရဲဘော် ၈ဦး ကျဆုံး 
နိုဝင်ဘာ 4, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးရှိ စစ်ကောင်စီတပ်၊ ရဲနှင့် ပျူစောထီး အင်အား(၅၀)ခန့် တပ်စွဲထားသည့် သဖန်းဆိပ်ဆည် ရဲကင်းစခန်းအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးတပ်များက ဆင်စွယ်စခန်းအနီးအားတိုက်ခိုက်ရာ စစ်ကောင်စီတက်က Mi 35 တိုက်ခိုက်ရေးရဟတ်ယာဥ်(၁)စီးဖြင့် လေကြောင်းပစ်ကူပေးခဲ့သည့်အပြင် ကန့်ဘလူမြို့ ၆၀၀၆ တင့်ကားတပ်ရင်းနှင့် GTC ကျောင်းဝန်းမှလည်း ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် (၁၄)ကြိမ်ထက်မနည်း ပစ်ကူပေးခဲ့သည်ဟု Infinity Groupထံမှ သိရသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အသေများကာ PDF ရဲဘော် (၈)ဦး ကျဆုံးကာ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆင်စွယ်ရွာမှ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ 

ယင်းနေ့တွင် ကျွန်းလှမြို့နယ် ဆင်စွယ်စခန်းအပါအဝင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှ စစ်ကောင်စီအထိုင်စခန်း (၁၃)ခုတို့အား အမှတ်(၁) စစ်ဒေသ လက်အောက်ရှိ PDF ပူးပေါင်းတပ်များက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

#TachileikNewsAgency