ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူများကို လားရှိုးဆေးရုံက အခမဲ့ကုသပေးမည်ဟု MNDAA ဘက်က ထုတ်ပြန်သည်။
အားပြင်းသောငလျင်ဒဏ်ကြောင့် မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် စပ်ဆက်ဒေသများတွင် ထိခိုက်ဒဏ်ရာရရှိသူများစွာရှိသဖြင့် အထူးဒေသ(၁) လားရှိုးမြို့ ကျန်းမာရေးဌာနမှ လူသားချင်းစာနာထောက်ထားမှုပြည့်ဝစွာဖြင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသူများ လာရောက်ဆေးကုသမှုခံယူပါက အခမဲ့ ကုသပေးမည်ဟု ဆိုသည်။
ငလျင်ဒဏ်သင့် ဒေသများမှ လူနာများအား ကူညီကယ်ဆယ်ရန် အထူးဒေသ(၁)ကျန်းမာရေးဌာနနှင့် အခြားသက်ဆိုင်ရာဌာနများ၊ လူမှုကူညီရေးအသင်းအဖွဲ့များမှ အသင့်ပြင်ဆင်ထားပြီး လူအင်အား၊ ဆေးပစ္စည်းများနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များကိုလည်း ပြင်ဆင်ထားသည်ဟု ထုတ်ပြန်ထားသည်။
#TachileikNewsAgency