တာချီလိတ်တွင် အတည်ပြုလူနာနှင့် ထိတွေ့သူ ကျန်းမာရေးဝန်ထမ်းများ အပါအဝင် (၃၀)ဦး၏ ဓါတ်ခွဲနမူနာများကို လေကြောင်းလိုင်းဖြင့် ပေးပို့ထား
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ အပါအဝင် ဆက်စပ်သူ (၃၀) ဦး၏ ဓါတ်ခွဲနမူနာများကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့တွင် ရယူပြီး ရန်ကုန်ရှိ ဓါတ်ခွဲခန်းသို့ ပို့ဆောင်ထားပြီဖြစ်သည်။
တာချီလိတ်မြို့မှ အတည်ပြုလူနာဖြစ်သွားသည့် ဆရာဝန်မှာ တာချီလိတ်မြို့၏ COVID 19 ကာကွယ်ရေးတွင် ပါဝင်ကူညီနေသူဖြစ်ရာ ခရိုင်ပြည်သူ့ဆေးရုံမှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အနီးကပ်ရှိခဲ့သဖြင့် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအား အသွားအလာကန့်သတ်၍ ဓါတ်ခွဲစစ်ဆေးမှု လုပ်ဆောင်ထားခြင်းဖြစ်သည်။
ဓါတ်ခွဲနမူနာများကို Air KBZ လေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ ပို့ဆောင်ထားပြီးဖြစ်ရာ ဧပြီလ (၂၀)ရက်နေ့၌ ဓါတ်ခွဲအဖြေများရလာနိုင်ဖွယ်ရှိကြောင်း သိရသည်။
Tachileik News Agency