လွိုင်ကော်မြို့ပေါ် နောင်ယားကန်အနီးတွင် ပန်းရံသမား တစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်ကာ ဒဏ်ရာ အပြင်းအထန်ရရှိ

လွိုင်ကော်မြို့ပေါ် နောင်ယားကန်အနီးတွင် ပန်းရံသမား တစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်ကာ ဒဏ်ရာ အပြင်းအထန်ရရှိ

 ကရင်နီ(ကယား)ပြည်နယ်အတွင်း လွိုင်ကော်မြို့ပေါ် နောင်ယားကန်အနီးတွင် ပန်းရံလုပ်သား အမျိုးသားတစ်ဦး လုပ်ငန်းခွင်တွင် မြေမြှုပ်မိုင်း နင်းမိ၍ ခြေထောက်ပြတ်ကာ မျက်နှာပါ ထိခိုက်ပြီး ဒဏ်ရာ အပြင်းအထန်ရသွား၍ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ထားရကြောင်း သိရသည်။ 

ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၇)ရက်နေ့တွင် ဆောက်လုပ်ရေးလုပ်သား ပန်းရံလုပ်ကိုင်သူ အသက်(၂၇)နှစ်ရှိ ကိုကျော်သူသည် လုပ်ငန်းခွင်အတွင်း မြေမြှုပ်မိုင်း နင်းမိပြီး ခြေထောက်ပြတ်ကာ မျက်နှာအပြင်းအထန် ဒဏ်ရာရရှိ၍ လူမှုကူညီရေးအသင်းက ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးထားရကြောင်း သိရသည်။

လွိုင်ကော်မြို့ပေါ် အချို့သောနေရာများတွင် ပြီးခဲ့သည့် တိုက်ပွဲများကာလအတွင်း စစ်ကောင်စီတပ်က မြေမြှုပ်မိုင်း  မြှုပ်နှံထားမှုများရှိသည့်အတွက် သွားလာသတိထားကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားမှုများလည်းရှိခဲ့သေးသည်။