ကျဆုံးရဲဘော် ၁၃ ဦး၏ မိဘများကို ထောက်ပံ့ငွေပံ့ပိုး

ကျဆုံးရဲဘော် ၁၃ ဦး၏ မိဘများကို ထောက်ပံ့ငွေပံ့ပိုး

အာဏာသိမ်း (၄) နှစ်အတွင်း ကျဆုံးခဲ့ရသော ရဲဘော်၊ ရဲမေများ၏ မိဘများကို ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ထောက်ပံ့ငွေသွား ရောက်ပံ့ပိုးသည်ဟု​ ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ပြည်သူများမှ ထောက်ပံ့သော ထောက်ပံ့ငွေများစုပြီး ထောက်ပံ့ကြေးပံ့ပိုးပေး၍ ကန်တော့တောင်းပန်ခဲ့ကြခြင်းဖြစ်သည်ဟုလည်း သိရသည်။

စစ်အာဏာရှင်အမြစ်ဖြတ်တိုက်ထုတ်ရေးတွင် ဆိပ်ဖြူဘာမထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် (၁၃)ဦး ကျဆုံးထားသည်ဟု သိရသည်။

#TachileikNewsAgency

#TNA_MAT

Photo: ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်