စမ်းချောင်းမြို့နယ် ကျွန်းလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး စိုးစိုး ပစ်ခတ်ခံရ

စမ်းချောင်းမြို့နယ် ကျွန်းလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး စိုးစိုး ပစ်ခတ်ခံရ

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ကျွန်းလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်စိုး(ခေါ်) စိုးစိုးအား Free Freeland Attack Force(FLA)မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၆)ရက်နေ့က ပစ်ခတ်သည်ဟု ထုတ်ပြန်သည်။ 

အုပ်ချုပ်ရေးမှူး စိုးစိုးသည် ပျူစောထီးသင်တန်းဆင်းတစ်ဦးဖြစ်သည့်အပြင် တော်လှန်ရေးရဲဘော်များ၏ သတင်းများအား စစ်ကောင်စီထံ ထောက်လှမ်းသတင်းပေးနေသူဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ရပ်ကွက်နေပြည်သူများအား စစ်တပ်နှင့် ရဲအားကိုး၍ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်သူဟုလည်း ဆိုသည်။

အုပ်ချုပ်‌ရေးမှူး စိုးစိုးသည် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ဖော်ဆောင်ရာတွင် မြို့နယ်အတွင်း ဦးဆောင်လှုပ်ရှားပေးနေသူဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency