မုံရွာ နမခတပ်နယ်မှ ထွက်ပြေးလာသည့် စစ်သား ၂ ဦးအား တော်လှန်ရေးတပ်ဖွဲ့များ ဖမ်းဆီးပြီး မြို့နယ် ပကဖ ထံ အပ်နှံ

မုံရွာ နမခတပ်နယ်မှ ထွက်ပြေးလာသည့် စစ်သား ၂ ဦးအား တော်လှန်ရေးတပ်ဖွဲ့များ ဖမ်းဆီးပြီး မြို့နယ် ပကဖ ထံ အပ်နှံ

စစ်ကိုင်းတိုင်း မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် မှ ထွက်ပြေးလာသည့် စစ်သား (၂)ဦးအား တော်လှန်ရေးတပ်ဖွဲ့များမှ ဖမ်းဆီးထိန်းသိမ်းပြီး မြို့နယ် ပကဖ ထံ အပ်နှံကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CHU PDF) ထံမှ သိရသည်။

မုံရွာ နမခ တပ်နယ်မှ ထွက်ပြေးလာသည့် စစ်သား (၂)ဦးအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များမှ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာ နယ်မြေခံဖြစ်သည့် မုံရွာမြို့နယ် ပကဖ ထံသို့ ၎င်းတို့နှင့်အတူပါလာသည့် ဖုန်း (၁)လုံးနှင့်အတူ အပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွက်ပြေးလွတ်မြောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး ထံမှ MA-5 Pistol (၁)လက်၊ (၉)မမ ကျည် (၉)တောင့်၊ 380 Bullet (၁) တောင့် နှင့် Pistol အိတ် (၁)ခုတို့ကို ပူးပေါင်းအဖွဲ့များက ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးထိန်းသိမ်းမှုအား ချောင်းဦး ပကဖ တိုက်ခိုက်ရေး တပ် CHU PDF တပ်ဖွဲ့(၁)၊ Special Force 11 LPDF နှင့် ဒိတ်ဒိတ်ကြဲ LPDF အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo: CHU PDF