ပုလောမြို့နယ် မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသဖြင့် အဆိုပါ လမ်းကြောင်းအား အသုံးပြု ခရီးသွားလာခြင်း မပြုလုပ်ရန် PDF အသိပေး

ပုလောမြို့နယ် မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသဖြင့် အဆိုပါ လမ်းကြောင်းအား အသုံးပြု ခရီးသွားလာခြင်း မပြုလုပ်ရန် PDF အသိပေး

တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ်အတွင်းရှိ မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသဖြင့် အဆိုပါ လမ်းကြောင်းအား ပြည်သူများ အသုံးပြု ခရီးသွားလာခြင်း မပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၆) ရက်နေ့တွင် အသိပေးချက် ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့မှစတင်၍ တော်လှန်ရေး မဟာမိတ်တပ်များနှင့် စစ်အုပ်စုကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် လက်ရှိအချိန်အထိ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီမှ လေကြောင်းပစ်ကူများပါ အသုံးပြု၍ တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့်အတွက် ပြည်သူများအနေဖြင့် မြိတ်-ပုလော-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းအား အသုံးပြု၍ ခရီးသွားလာခြင်း မပြုလုပ်ရန် တိုက်တွန်းလိုကြောင်း မြိတ်ခရိုင် ၊ အမှတ် (၁) တပ်ရင်းက ဆိုသည်။

ထို့အပြင် သတင်းမီဒီယာများအနေဖြင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးကို ထိခိုက်စေနိုင်သည့် သတင်းရေးသားခြင်းမျိုး မပြုလုပ်ကြရန်နှင့် တိုက်ပွဲနှင့် ပက်သက်သည့် အသေးစိတ်အချက်အလက်များကို သင့်လျော်သည့်အချိန်တွင် တရားဝင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် ၊ အမှတ် (၁) တပ်ရင်းမှ အသိပေးထားသည်။

#TachileikNewsAgency

Photo:မြိတ်ခရိုင်အတွင်းရှိ ပြည်ထောင်စုလမ်းမကြီး တစ်နေရာတွင် တွေ့ရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ (ပုံဟောင်း)