တပ်မ(၃၃ )ဒုတပ်မမှူး၏ ဖုန်းတွင်းမှ စစ်ကောင်စီအတွက် ရှမ်းနီတပ်မှ လက်နက်သယ်ဆောင်ပေးသည့် လျှို့ဝှက် စာရင်း ထွက်ပေါ်

တပ်မ(၃၃ )ဒုတပ်မမှူး၏ ဖုန်းတွင်းမှ စစ်ကောင်စီအတွက် ရှမ်းနီတပ်မှ လက်နက်သယ်ဆောင်ပေးသည့် လျှို့ဝှက် စာရင်း ထွက်ပေါ်

 စစ်ကိုင်းမြို့နယ်အတွင်း မင်းကွန်းဒေသ တိုက်ပွဲတွင် သိမ်းဆည်းရရှိခဲ့သော စစ်ကောင်စီ၏ တပ်မ(၃၃)မှ ဒုတပ်မမှူး ဗိုလ်မှူးကြီး ဇင်မျိုးဦး၏ ဖုန်းထဲမှ စစ်ကောင်စီအတွက် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က  လက်နက်များစွာ သယ်ဆောင်ပေးခဲ့သည့်  လျှို့ဝှက် မှတ်တမ်းထွက်ပေါ်လာသည်။ 

အဆိုပါ တိုက်ပွဲအတွင်းမှ တပ်မမှူး ဗိုလ်မှူးကြီး ဇင်မျိုးဦး ကိုင်ဆောင်သောဖုန်းကို တော်လှန်ရေးတပ်များက သိမ်းဆည်းရရှိခဲ့ရာ လူမှုရေးဖောက်ပြန်သော အချက်အလက်များအပြင် SNA ၏ လက်နက်များသယ်ဆောင်ပေးခဲ့သည့် စာရင်လည်း ထွက်ပေါ်လာခြင်းဖြစ်သည်။ 

"စစ်ကောင်စီအတွက် SNA က လက်နက်တွေ သယ်ဆောင်ပေးခဲ့တဲ့ စာရင်းနဲ့ လူမှုရေးဖောက်ပြန်တဲ့ အချက်အလက်တွေရရှိထားတာပါ။"ဟု တော်လှန်ရေးရဲဘော်တစ်ဦးက Tachileik News Agency ကို မတ်လ(၂၅)ရက်နေ့တွင် ပြောသည်။ 



ရရှိထားသည့် အချက်အလက်များအရ SNA သည် စစ်ကောင်စီအတွက် လက်နက်ငယ် (၁၅၃)လက်၊ လက်နက်ကြီး(၁၂)လက်၊ ခဲယမ်းသောင်းချီနှင့် ဆက်စပ်ပစ္စည်းများစွာကို သယ်ယူပေးခဲ့သည်။ 

ထို့အပြင် တပ်အတွင်းမှ အခြားရာထူးအဆင့်ရှိသူ တစ်ဦး၏ ကျောင်းနေအရွယ် မိန်းကလေးနှင့်လည်း လှုမှုရေး ဖောက်ပြန်သည့် အချက်အလက်များ ရှာဖွေတွေ့ရှိခဲ့သည်။



မင်းကွန်းဒေသတွင် စစ်ကောင်စီတပ်နှင့် တော်လှန် ရေးတပ်တို့ ၂၀၂၅ ခုနှစ် မတ်လ(၁၁)ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။ 

အဆိုပါ တိုက်ပွဲတွင် ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ ထွေလီကာလီ Attacking and Production ၊ Acid LPDF (ဝက်လက်) ၊ စစ်ကိုင်း PDF  ၊ မင်းကွန်း PDF ၊ တောတွင်းတွတ်ပီ ၊ people servant force ၊ Phoenix Sgg ၊ Royal Falcon Guerrilla Force နှင့် အင်းသားလေး လက်နက်ကြီး တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။