တရုတ်နိုင်ငံမှ အလိုရှိနေသည့် ကျားဖြန့်ခေါင်းဆောင်(၂)ဦးနှင့် တရုတ်နိုင်ငံသား(၁၆)ဦးတို့ကို တရုတ်နိုင်ငံထံ လွှဲ ပြောင်းလိုက်သည်ဟု "ဝ”ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSA)ထံမှ သိရသည်။
တရုတ်နိုင်ငံမှ အလိုရှိနေသော ကျားဖြန့်ခေါင်းဆောင် တရားခံပြေး (၂)ဦးနှင့် တရုတ်နိုင်ငံသား(၁၆)ဦးတို့ကို “ဝ”ပြည် နယ် ရဲတပ်ဖွဲ့မှ “ဝ” ပြည်နယ်အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း ပပျောက်ရေး လုပ်ဆောင်ချက်နှင့်အညီ မုန်းလျန်း၊ မုန်းအား တံတားမှတဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းလိုက်ခြင်းဖြစ်သည်ဟု Wa Channel က မတ်လ(၁၃)ရက်နေ့တွင် ထုတ်ပြန်ထားသည်။
“လွှဲပြောင်းပေးတာမှန်တယ်။ အသေးစိတ်မသိရသေးပါ”ဟု UWSA ၏ လားရှိုးမြို့ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီ ရမ်းက Tachileik News Agency ကို ပြောသည်။
ကျားဖြန့်လုပ်ကိုင်သူ(၁၈)ဦးကို ကျားဖြန့်လုပ်ငန်းသုံး ပစ္စည်းများနှင့်အတူ တရုတ်နိုင်ငံထံ လွှဲပြောင်းလိုက်ခြင်း ဖြစ်ပြီး ကျားဖြန့်ခေါင်းဆောင်(၂)ဦး၏ အချက်အလက်အသေးစိတ်ကို မသိရပါ။