ရရှိထားသော အောင်မြင်မှု၏ အသီးအပွင့်များ တာရှည်ခံပြီး ပိုမိုဖွံ့ဖြိုးလာစေရန် အစမ်းသပ်ခံကာဖြစ်သည်ဟု အရက္ခတပ်တော်(AA)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့က ကိုးကန့်(MNDAA) ထံပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြသည်။
(၃၆)နှစ်မြောက် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နေ့ အခမ်းအနားသို့ AAနှင့် TNLA က ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၁၁)ရက်နေ့တွင် ပေးပို့သည့် သဝဏ်လွှာတွင် ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။
လက်ရှိတွင် MNDAA အဖွဲ့အစည်း၏ ရည်မှန်းချက်များမှာ အတိုင်းအတာတစ်ခုထိ အောင်မြင်ခဲ့ပြီးဖြစ်သော်လည်း အောင်မြင်မှုနှင့်အတူ အခက်အခဲ၊ အတားအဆီးများသည် ဒွန်တွဲလျက် ပါလာတတ်သည်ဆိုသည်ကို သတိမူ၊ ဂရုပြုသင့်သည်ကို လက်ရှိအခြေအနေများက မီးမောင်းထိုးပြထားပြီးဖြစ်သည်ဟု ဆိုသည်။
လာမည့်ကာလများသည် ကိုးကန့်ဒေသ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ဖွံ့ဖြိုးရေးတို့အတွက် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ်ရဦးမည်ဖြစ်ပြီး ကိုးကန့်အဖွဲ့အစည်း၏ ဖြတ်သန်းမှု သမိုင်းအပေါ်အခြေခံ၍ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံကျော်လွှာပြီး တစ်ခတ်တစ်ခါ ကိုးကန့်အခြေအနေကို ပြန်ရောက်မည်ဟုလည်း ယုံကြည်သည်ဟု ဆိုသည်။
#TachileikNewsAgency
Photo: 3 Brotherhood Alliance